နေပြည်တော် ၂၅ ဖေဖော်ဝါရီ
ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် မိုင်းဆတ်မြို့နယ်၊ မိုင်းခုတ်မြို့၊ တန့်ဆိုင်ကျေးရွာ အနီး၊ ငွေကျပ်သိန်း ၂၀၂၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂,ဝ၀ဝ ၊ အနီရောင် ဆိုးဆေးမှုန့် သုည ဒသမ ဝ၈၁၆၅ ကီလို၊ FOOD COLOUR စာတန်းပါ နီညိုရောင်ဆိုးဆေးမှုန့် သုည ဒသမ ဝ၀၈ ကီလို၊ 1 အမှတ်အသားပါ တံဆိပ်တုံးအဝိုင်း ၃ ခု၊ 2 အမှတ်အသားပါတံဆိပ်တုံးအဝိုင်း ၁ ခု၊ မြင်းခေါင်းပုံပါ တံဆိပ်တုံးအဝိုင်း ၁ ခု၊ 999 စာတန်းပါ လေးထောင့်တံဆိပ်တုံး ၁ ခု၊ တံဆိပ်ရိုက်မင်ဆေးဘူးငယ် ၅ ဘူးတို့ကို တပ်မတော်မှ သိမ်းဆည်းရမိခဲ့သည်။
အလားတူ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ်၊ ဟောင်ကြန့်ကျေးရွာ အုပ်စု၊ ဝမ်ပါဆတ် ကျေးရွာနေ မအီယန်း၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၈၇၀ နှင့် မြန်မာငွေကျပ် ၁၀၅,ဝ၀ဝ တို့ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်၊ ရွှေအေးစေလမ်းတွင် ဖီးလောင် မောင်းနှင်လာသော CROWN မော်တော်ယာဉ်နှင့် ကျိုက်ရီ(ခ)ကြိုင်းရုံ မောင်းနှင်ပြီး အားလို့ လိုက်ပါ လာသော Honda Fit အမျိုးအစားမော်တော် ယာဉ်တို့ကို ရပ်တန့် ရှာဖွေရာ အိုက်စ် ၉ ကီလို၊ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရဲပြန်ကြား


