မိုင်းဆတ် ၁၅ ဧပြီ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ ဝိုင်းနေရပ်ကွက်ရှိ ဆိုက်ခေါင်ချောင်းအတွင်း မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့  မွန်းလွဲပိုင်းတွင် လာရောက်လည်ပတ်သူများ၊ ရေကစားသူများ၊ အနားယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

1

 

“ကျွန်တော်တို့ မနက်ပိုင်း မြို့ပေါ်မှာရှိတဲ့ ရေကစားမဏ္ဍပ်တွေမှာ သွားရောက်ရေကစားပြီး နေလယ်ပိုင်း ဒီဆိုက်ခေါင်ချောင်းမှာ လာအနားယူတာပါ၊ ညနေပိုင်းကျရင် မြို့ထဲကမဏ္ဍပ်တွေသွားပြီး ရေကစားအုံးမှာပါ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

1

 

အဆိုပါ ဆိုက်ခေါင်ချောင်းအတွင်း ပြည်သူများ အေးချမ်းစွာ လာရောက်အပန်းဖြေနိုင်ရေး၊ ရေကစားနိုင်ရေးနှင့် ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်သားများက ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

1

 

 

1