ကျိုင်းတုံ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် (မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မိုင်းနှုန်း ကျေးရွာအုပ်စု ယန်းကျန်ကျေးရွာအဝင် သံကူကွန်ကရစ်တံတား ဆောင်ရွက်နေမှု မြေပြင်အခြေ အနေများကို ယနေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာလင်း၊ လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးသိန်းလင်းနှင့် မြို့နယ် တာဝန်ခံတို့က ယန်းကျန်ရွာအဝင် သံကူကွန်ကရစ်တံတား အရှည်ပေ ၅၀၊ အနံပေ ၂၀ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ကြသည်။
အဆိုပါ ရွာအဝင်တံတား ပြီးစီးပါက အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွက် ဒေသထွက်ကုန်များ အချိန်မီပို့ဆောင်နိုင်ခြင်း၊ ဒေသခံ တိုင်းရင်းသားပြည်သူများ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုစိုင်း


