မြိုင် ၂၀ ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဧပြီ ၁၈ ရက် ညနေပိုင်းတွင် လေပြင်းတိုက်ခတ်မှု ကြုံတွေ့ခဲ့သော မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြိုင်မြို့နယ် မြောက်ပိုင်းကျေးရွာဖြစ်သည့် သမင်ချောက်၊ ကုန်းစင်၊ ရွှေလင်းဆွဲ၊ မြန်အောင်၊ ပန်းတော်ပြင် ကျေးရွာများမှ လေဘေးသင့်ပြည်သူအိမ်ထောင်စု(၁၂၅)စု၊ ဘုန်းတော်ကြီးကျောင်း(၅)ကျောင်း၊ လူဦးရေ(၅၅၀)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၁၅၅၀ဝ၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၃၃၅၁၀ဝ၀ဝ-)ကျပ်၊ ဘုန်းတော်ကြီးကျောင်း (၅)ကျောင်းအတွက် ဆောက်လုပ်ရေးစရိတ်(၅၀ဝ၀ဝ၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့အား ပေးအပ်ခဲ့သည်။

 

ယင်းအခမ်းအနားသို့ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်၊ မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်ခိုင်တို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ကြောင်း သိရသည်။

 

စိန်မြိုင်(မြိုင်)