မိုင်းဖြတ် ၄ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဒီဇင်ဘာ ၃ရက် ညနေ ၄ နာရီခွဲခန့်က မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးဘေး မိုင်တိုင်အမှတ် (715+500) ကီလိုမီတာ အနီးတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

05

 

ဖြစ်စဉ်မှာ ဝမ်လုံးကျေးရွာအုပ်စု၊ နမ့်ခမ်းတောင်ကျေးရွာ အနီး မိုင်းဖြတ်-တာချီလိတ်သွား ပြည်ထောင်စု ကားလမ်းမကြီးဘေးတွင် မော်တော်ယာဉ်တစ်စီး မီးလောင်နေကြောင်းသတင်းအရ မိုင်းဖြတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှုး ဦးခိုင်စိုးဝင်းနှင့် တပ်ဖွဲ့ဝင် များနှင့်အတူ အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး လမ်းဘေး ၇ ပေခန့်ရှိ ချောက်အတွင်း   မီးလောင်နေသည့် SHAN –(7J /--- )အဖြူရောင် TOYOTAR FORTUNER မော်တော်ယာဉ်အား တွေ့ရှိရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ပြီး လူများကို မတွေ့ရကြောင်း    သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပက်သတ်၍   ယာဉ်မောင်းအား မိုင်းဖြတ်မြို့မရဲစခန်းက စုံစမ်းစစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)