မိုင်းဖြတ်မြို့၌   ကျောင်းအရည်အသွေးအာမခံမှု စံသက်မှတ်ချက်အညွှန်းဘောင်(SQASF)ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

မိုင်းဖြတ် ၉  ဇန်နဝါရီ

ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေး၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှု အရည်အသွေးမြင့်မားခြင်းနှင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ဇန်နဝါရီလ ၉ရက် နံနက် ၉နာရီက အ.ထ.က(မိုင်းဖြတ်)ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျောင်းအရည်အသွေး အာမခံမှု စံသက်မှတ်ချက် အညွှန်းဘောင်(SQASF) ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန(နေပြည်တော်)မှ ဦးစီးအရာရှိ ဒေါ်ခင်မူ ဇော်အောင်၊ တာချီလိတ်ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး(စာရင်းအင်း) ဒေါ်စန်းစန်းကြွယ်နှင့် တာဝန်ရှိသူများက၂၀၁၉ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၁၁ရက်အထိ မိဘ၊ ရပ်ရွာ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ရာဆွေးနွေးပွဲတွင် ကျောင်းအရည်အသွေး အာမခံမှု စံသက်မှတ်ချက် အညွှန်းဘောင်(SQASF)သည် ကျောင်းများက မိမိ၏ကျောင်းအတွင်း အရည်အသွေး အကဲဖြတ်မှု(School Self-Assessment)ကို ကိုယ်တိုင် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ကျောင်းအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်(SQIP) ကို ရေးဆွဲရာတွင်လည်း ကောင်း အသုံးပြုရမည့် မူဘောင်တစ်ခုဖြစ်ပြီး အညွှန်းဘောင်အရ ရှုထောင့်(၆)ခု၊ စံသက်မှတ်ချက် (၁၈)ခုနှင့် အညွှန်းကိန်း(၆၁)ခုတို့ဖြင့် ကျောင်းအရည်အသွေးများကို အကဲဖြတ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)