နေပြည်တော် ၂၆ ဧပြီ
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက မိုင်းဖြတ်မြို့၊ ဈေးတန်းရပ်ကွက်နေ ဝင်းနိုင်ဦး၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၉၀ သိမ်းဆည်းရမိခဲ့သဖြင့် ဝင်းနိုင်ဦး (၂၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရရှိသည်။
ရဲပြန်ကြား


