မိုင်းဖြတ်  ၁၂   ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ဝန်ထမ်းများသည် ယနေ့  နံနက် ၉ နာရီက နမ့်ပန်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ကိုးတောင်ပြည့် စေတီအား ရွှေသင်္ကန်းကပ်ပူဇော်လှူခြင်း၊ ရေသပ္ပာယ်ခြင်းနှင့် စေတီတော်ပရဝုဏ်အတွင်းနှင့် ကျောင်းဝန်းအတွင်၌ အမှိုက်များ ရှင်းလင်းခြင်းဖြင့် စုပေါင်းကုသိုလ်ပြုခဲ့သည်။

 

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်ဝန်ထမ်းများက နမ့်ပန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများရှိ ရွာသူ၊ ရွာသားများအတွက်   အဝတ်အထည်အထုပ်များကို ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျားယော်နှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ရွှေကို(ပြန်/ဆက်)

 

88