မိုင်းပန် အောက်တိုဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာ သင်နှစ် ကျောင်းအခြေပြု DT ကာကွယ် ဆေးနှင့် HPV ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)နှင့် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မြို့မကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနိုင်လင်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်ပြည့်ပြီး (၇)နှစ်ထက်မကျော်သော KG ကျောင်းသား ကျောင်းသူ ၁၂၁ ဦးအား DT ကာကွယ်ဆေးနှင့် အသက် (၉)နှစ်မှ (၁၀)နှစ် ကျောင်းသူ ၇၆ ဦးအား HPV ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


