မိုင်းတုံ    ဧပြီ   ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းဖြင့်  နားကောင်းမှူး(လီဆူ)ကျေးရွာ၌ ရေရရှိရေးလုပ်ငန်းပြီးစီးမှု  အခြေအနေများကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံခရိုင်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန   ခရိုင်ဦးစီးမှူး ဒေါ်ကျော့ကျော့ခိုင်နှင့် တာဝန်ရှိသူများသည် နားကောင်းမှူး(လီဆူ)ကျေးရွာတွင်  အရှည်ပေ ၄၅၀ဝ ရှိ နှစ်လက်မ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးသည်။

 

 အဆိုပါလုပ်ငန်းများကို   ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း  စီမံကိန်း  ပံ့ပိုးရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူထည့်ဝင် ငွေကျပ် ၂ ဒသမ ၃၅ သန်း စုစုပေါင်းရန်ပုံငွေကျပ် ၁၂ ဒသမ ၃၅  သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

၂၂၂