မိုင်းယောင်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလှူဒါန်းသည့် တိုင်းယောင်းရိုးရာ ဆင်ဆွဲပွဲတော်ကို အောက်တိုဘာ ၇ ရက်က ဟိုခုံပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
မိုင်းယောင်းမြို့တွင် ဒေသခံတိုင်းရင်းသားများသည် ဘဝသံသရာအတွက် ကောင်းမှုကုသိုလ်အဖြစ် ဆင်ရုပ်များပြုလုပ်ပြီး သံဃာတော်များအား စာရေးတံမဲချ၍ လှူဒါန်းခြင်းဖြစ်သည်။
ရှမ်းပြက္ခဒိန်နှစ်အရ အောက်တိုဘာ ၇ ရက်သည် သီတင်းကျွတ်လပြည့်နေ့ဖြစ်သည်နှင့်အညီ ဗောဓိရွှေညောင်ပင်၊ ဈာန်ရကိုရင်ကြီးတောရကျောင်း၊ ဓာတ်လုံစေတီတော်ကြီး အပါအဝင် တန်ခိုးကြီး ဘုရားစေတီများ၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် အထူးစည်ကားများပြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


