မိုင်းယောင်း ၂၉ မတ်
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းကို မတ် ၂၈ ရက်မှ ၃၀ ရက်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန္ဒာရွှေနှင့် ဝန်ထမ်းများက မီး၊ လေ၊ ရေ၊ ငလျင် စသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အကြောင်းများ၊ ဘဘာဝဘေးကျရောက်ပါက စနစ်တကျ လုပ်ဆောင်ရမည့် စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း လုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ကြသည်။
အဆိုပါ သင်တန်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကျိုင်းတုံခရိုင် ဦးစီးမှူးရုံးက ကြီးမှူးဖွင့်လှစ် ခြင်းဖြစ်ပြီး မိုင်းယောင်းမြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု အတွင်းမှ သင်တန်းသား၊ သင်တန်းသူ ၃၀ ဦး တက်ရောက်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


