မိုင်းယန်းမြို့၌ ရိုးရာကျွဲခတ်ပွဲ ကျင်းပ

မိုင်းယန်း  ၁၃ ဇန်နဝါရီ   

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်းမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာကျွဲခတ်ပွဲကို ဇန်နဝါရီ ၁၂ က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

 

445

 

အဆိုပါ ရိုးရာကျွဲခတ်ပွဲတွင် မြို့ပေါ်အပါအဝင် ကျေးရွာများမှလည်း မိမိတို့၏ကျွဲများကို ကွင်းအတွင်းသို့ ခေါ်ဆောင်၍ ယှဉ်ပြိုင်တိုက်ခိုက်ကြကာ ကျွဲပိုင်ရှင်နှစ်ဦးနှင့် ပွဲကြည့်ပရိတ်သတ်များက အော်ဟစ်အားပေးကြသည်။ ကျွဲကြီးနှစ်ကောင်သည် ဦးချိုဖြင့် ခတ်ကြ၊ ဝှေ့ကြ၊ တွန်းကြရင်း ကွင်းအတွင်းမှ ထွက်ပြေးသော ကျွဲအား အရှုံးသတ်မှတ်ပြီး အနိုင်ရရှိသော ကျွဲပိုင်ရှင်အား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ 

 

မြို့နယ်(ပြန်/ဆက်)