မိုးညို နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် သွေးတိုး ရောဂါ၊ ဆီးချိုသွေးချိုရောဂါများကုသမှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အသိပညာပေး
ကျန်းမာရေး အသိပညာပေး ပြောကြားရာတွင် ကျန်းမာရေးမှူးအဆင့်(၁) ဦးတင်အောင်က မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဉ်း၊ နာတာရှည်၊ အဆုပ်လေပြွန်ရောင် စသည့် ရောဂါများ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ ကျန်းမာရေး နှင့်ညီညွတ်အောင် နေထိုင် စားသောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ သွေးတိုး၊ ဆီးချို သွေးချိုရောဂါများ၏ နောက်ဆက်တွဲရောဂါ အကြောင်း အသိပညာပေး ပြောကြားသည်။
ထို့နောက် ကျန်းမာရေးအတွက် လာရောက် စစ်ဆေးပြသသူ ၂၁ ဦးအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါများ စစ်ဆေး၍ လိုအပ်သော ဆေးဝါးနှင့် ကုသခြင်းများကို အခမဲ့ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)


