မိုးညှင်း အောက်တိုဘာ ၁
ကချင်ပြည်နယ် မိုးညှင်းမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်နှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်သပြေ ရပ်ကွက်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် မိုးညှင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုးက မိန့်ခွန်းပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ခင်မောင်ကျော်က(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ မိုးညှင်းခရိုင်အတွင်း ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ရက်အထိ မိုးညှင်းမြို့မ ရဲစခန်းမှမူးယစ်ဆေးဝါးပမာဏ အများဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်မှုဆု၊ မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲတပ်သားသစ် အများဆုံး စုဆောင်းနိုင်မှုနှင့် ရဲတပ်သားသစ် သတ်မှတ်လျာထားချက် ပြည့်မီအောင် စုဆောင်းနိုင်မှုဆု၊ မိသားစုနေအိမ် လိုင်းခန်းသန့်ရှင်းရေး ကောင်းမွန်မှုဆုနှင့် မြို့ပေါ်ရပ်ကွက်အတွင်း မှုခင်းများ ဖော်ထုတ်ဖမ်းဆီးနိုင်မှုဆုတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။
ထို့နောက် အမှတ်(၃) လူကုန် ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ အမှတ်(၁၀၁)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုနှင့် အမှတ်(၃) မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်စုတို့မှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း


