မိုးညှင်း ၁၉ မတ်
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ မတ် ၁၈ ရက် နံနက် ၉ နာရီက မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာရှိ ဦးတိုက်စိန်၏ ရော်ဘာ ခြံတွင် ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကြီးမှ ရော်ဘာအစေး လှီးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာ၊ဆရာမများမှ တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၅၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ(၂)ရက်ဖြစ်ကြောင်း မိုးညှင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


