မိုးညှင်း ၆ ဧပြီ
ခရိုင်မီးသတ်ဦးစီးဌာနမှကြီးမှူ၍ မိုးညှင်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မီးဘေးကြို တင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ခြင်းအခမ်း အနားကို ယခုလ ၅ရက်နေ့ ညနေ(၃)နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမနှင့်ခန်းမရှေ့ မြေကွက်လပ်တို့၌ ကျင်းပသည်။
ရှေးဦးစွာ အသိပညာပေးဟောပြောခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးက မီးလောင်ဆုံးရုံးမှုလျော့နည်း စေရန်အတွက် မီးသတ်ဦးစီးဌာနကသတ်မှတ်ပေးထားသည့်အကြံပြုချက်များကို လိုက်နာရန်လို အပ်သလို မီးငြိမ်းသတ်နိုင်မည့် ကိရိယာများဖြင့် ရှေးဦးမီးငြှိမ်းသတ်နည်းများကို သိရှိထားရန်လို အပ်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှဦးစီးမှူး ဦးဟိန်းမင်းထိုက်က ဌာနဆိုင်ရာဝန်ထမ်း များအနေဖြင့်မီးဘေးလုံခြုံရေးစီမံချက်များရေးဆွဲထားရန်နှင့်ဌာနတွင်အရေးကြီးစာရွက် စာတမ်းများ ကို ဦးစားပေးအလိုက် အဆင့်သတ်မှတ်ချက်များအလိုက် ခွဲခြားသတ်မှတ်ထားရန် လိုအပ် မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ရှိ မြေကွက်လပ်တွင်ကျင်းပရာ မီးလောင်မှုအား ရေစိုအဝင်ဖြင့် အုပ်၍ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ငြှိမ်းသတ်နည်း၊ ဂက်စ်ဘူးမီးလောင်မှုအား လက်ပိတ်ငြှိမ်းသတ်နည်းနှင့်မီး သတ်ဘောလုံးအသုံးပြု၍ ငြှိမ်းသတ်နည်းများကို တက်ရောက်လာသူများနှင့်အတူ လက်တွေ့စမ်း သပ်သရုပ်ပြ လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


