မိုးညှင်း  ၂၅  မတ်


အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလက်သမား သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မိုးညှင်းမြို့ သာစည်ရပ်ကွက် အတွင်းရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။


သင်တန်းသို့ မိုးညှင်းမြို့နယ် အတွင်းရှိ အကျိုးပြု ကျေးရွာ (၁၅)ရွာမှ သင်တန်းသား (၃၀)ဦး တက်ရောက်၍ လက်သမား အတတ်ပညာများဖြစ်သည့် စာသင်ခုံ၊ ဆက်တီနှင့် စားပွဲပြုလုပ်နည်းများကို ဝါရင့် လက်သမားဆရာများက (၁၅) ရက်ကြာ သင်ကြားပြသ ပေးသွားမည်ဖြစ်ပြီး သင်တန်းဆင်းပါက လက်သမားသုံး ပစ္စည်းများကို အခမဲ့ ပေးအပ်သွားမည်ဖြစ်ကြောင်း ကျေးလက်ဦးစီးဌာနမှ သိရသည်။


အဆိုပါ သင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


ကျော်ကျော်ထွေး(မိုးညှင်း)