မိုးညှင်း ၁၃ ဖေဖေါ်ဝါရီ
ကချင်ပြည်နယ် မိုးညှင်းမြို့ ရွာသစ်ကုန်းကျေးရွာအုပ်စု ထန်းတစ်ပင်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ယမ်းတောင့်(ကက်စ်)အား တုတ်ဖြင့်ထိုးဆွရာမှ ပေါက်ကွဲမှုဖြစ်ပြီး နဖူးနှင့်လက်တို့တွင် ဒဏ်ရာ ရရှိခဲ့သဖြင့် မိုးညှင်းခရိုင်ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖေဖေါ်ဝါရီ ၁၁ ရက် နေ့ညနေရက်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ထန်းတစ်ပင် ကျေးရွာနေ ဦးကျော်မျိုးနိုင်သည် အရှည်(၂)လက်မခန့် လုံပတ်(၅)မူးလုံးခန့်ရှိ ယမ်းတောင့်အား ၎င်း၏နေအိမ် အနောက်ဘက်တွင် တုတ်ဖြင့်ထိုးဆွရာမှ ပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် ဦးကျော်မျိုးနိုင်၏ ဝဲဘက်လက်ညှိုးနှင့် လက်မတို့တွင် တစ်လက်မခွဲခန့် ပေါက်ပြဲဒဏ်ရာနှင့် နဖူးတွင်လက်မ ဝက်ခန့် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့သည်။
အခင်းဖြစ်ပွားရာသို့ မိုးညှင်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူးလေးမြင့်နှင့် နယ်ထိန်းတပ်ဖွဲ့တို့ သွားရောက် စစ်ဆေးကြရာ စစ်ဆေးပေါ်ပေါက်ချက်အရ ဦးကျော်မျိုးနိုင်သည် အဆိုပါ ယမ်းတောင့်(ကက်စ်)အား မော်ဟန်ဒေသ နန့်မချီကျောက်စိမ်းမှော်ရှိ တောင်းစိမ်းလေးမြေစာပုံ၌ တွေ့ရှိ၍ ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီးဒဏ်ရာရရှိသော ဦးကျော်မျိုးနိုင်အား ရဲဆေးစာဖြင့် မိုးညှင်းခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
နီတိုး


