စဉ့်ကူး ၂၉ မတ်
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရေး ပူးပေါင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့အဝင်းနှင့် ဧရာအောင်မြေလမ်းမကြီး လမ်းဘေး ဝဲ/ယာတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့သန့်ရှင်သာယာလှပရေး စုပေါင်းအမှိုက်ကောက်ခြင်းကို ပြည်သူများ စည်းကမ်းတကျ အမှိုက်များ စွန့်ပစ်တက်စေရန်၊ အလေ့အထမှ အလေ့အကျင့် ဖြစ်လာစေရန် ရည်ရွယ်၍ စုပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စုပေါင်းအမှိုက်ကောက်ရာသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသာဒီမိုကရေစီအဖွဲ့ အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဇော်ဦး(ပြန်/ဆက်)


