နေပြည်တော် ၁၅ ဇန်နဝါရီ

ကော့ကရိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၃ နာရီခွဲက ကော့ကရိတ်မြို့နယ်၊ လှိုင်ဝပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မင်းကြည်မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၄၉၄ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့ညပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ရေညာဦးကျေးရွာတံတားအနီး၊ မိုးမိတ်-တွင်းငယ် ကားလမ်းတွင် ဖိုးပိုက်မောင်းနှင်ပြီး တင့်နိုင်ဦး(ခ)သားသားဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း။

ထို့အတူ ထိုနေ့နံနက် ၈ နာရီခွဲက ပန်လုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်၊ အိမ်အမှတ်(၁၈၇)နေ ကျုံချီး၏နေအိမ်ကို ရှာဖွေရာ ငွေကျပ် ၁၀၅၃ ဒသမ ၀၈ တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၆၈၃၉၂ ပြား၊ ဘိန်းဖြူ သုည ဒသမ ၁၆ ကီလို၊ မြန်မာငွေကျပ် ၂၁၉၀၀၀၀ တို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်မဲမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးကားလမ်းတွင် ထွန်းလွင်မောင်းနှင်ပြီး ဗီသင်္ကြန်လွင်(ခ) သားငယ်လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၄၇၇၇ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၂ ဒသမ ၅၉ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀၀၀၊ မြန်မာငွေကျပ် ၁၅၂၀၀၀၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

MDN
Source: ရဲပြန်ကြား