နေပြည်တော် ၁၂ မတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၁ ရက် နံနက် ၇ နာရီခွဲတွင် ပင်လောင်းမြို့နယ် စင်းတောင်းကျေးရွာအနီး ပင်လောင်း - ဖယ်ခုံ ကားလမ်းပေါ်တွင် ကြာသိန်းမောင်းနှင်လာသည့် Mitsubishi Double Cab အမျိုးအစား မော်တော်ယာဉ်ပေါ်မှ ဘိန်းစိမ်းများ သိမ်းဆည်းရမိပြီး ထပ်မံစစ်ဆေး ပေါ်ပေါက်ချက်အရ ဖယ်ခုံမြို့နယ် စလင်းကျေးရွာအနီး လျှိုအတွင်းရှိ ကြာသိန်းပိုင်ဆိုင်သည့် ဘိန်းချက်လုပ်သည့်စခန်းမှ ဘိန်းညိုမှုန့် ၁၆ ဒသမ ၈ ကီလို၊ ဘိန်းရည် လီတာ ၄၀၊ အမိုနီယမ်ကလိုရိုက် ၆ ကီလို၊ ဘိန်းညှစ်စင် ၂ ခုနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိသဖြင့် ၎င်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ထို့အတူ မတ် ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲတွင် လောက်ကိုင်မြို့နယ် တလင်ကေး ကျေးရွာအနီး လူမနေသည့် အဆောက်အဦအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၂၀၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


