နေပြည်တော် ၁၅ မတ်

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် မတ် ၁၄ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ် (၁၀) ရပ်ကွက် သီရိပဒေသာ ဈေးလမ်းရှိ ခြံအမှတ် DD-31 နေ သီဟအောင်၏ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၂၃ ပြားနှင့် လက်ကိုင်ဖုန်း ၃ လုံး တို့ကို လည်းကောင်း။

ဗန်းမော်မြို့နယ် ကုန်းမဟတ်ကျေးရွာနှင့် ညောင်ပင်သာကျေးရွာအကြား ကုန်းမဟတ် တံတားအနီးတွင် ဇင်လင်းထိုက်(ခ)လင်းထိုက် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၃၉၀ဝ နှင့် လက်ကိုင် ဖုန်း တစ်လုံး တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲပိုင်းတွင် ဗန်းမော်မြို့နယ် မံဖာကျေးရွာ အိမ်အမှတ်(မဖ-၁၂၇) ရှိ မပန်းအိဖြူ(ခ) အိကမ် ကို ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း။ 

ထို့အတူ ညနေပိုင်းတွင် သီပေါမြို့နယ် အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သိန်းအောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေး ပြား ၂၉၉၅ ပြား၊ ဘိန်းဖြူ သုည ဒသမ ဝ၅ ကီလို၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေကျပ် ၂၉၀ဝ၀ဝ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း။ 

ထို့ပြင် မတ် ၁၃ ရက် ည ၈ နာရီတွင် ဖောင်းပြင်မြို့နယ် ဖောင်းပြင် - ပင်လည်ဘူး ကားလမ်း တံတားအမှတ် (၂/၂၃) အနီးတွင် ဝကြီး မောင်းနှင်ပြီး မြင့်လှိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ မြင့်လှိုင်ထံမှ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၇၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း။ 

မတ် ၁၄ ရက် နံနက် ၇ နာရီတွင် တပ်မတော်မှ မဘိမ်းမြို့နယ် ခေါတောကျေးရွာအနီး တွင် အမျိုးသားတစ်ဦးကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် အထုပ် ၁ ထုပ်ပစ်ချပြီး တောအတွင်းသို့ ထွက်ပြေးသွားသဖြင့် ၎င်းအထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၃၀ဝ ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)