နေပြည်တော် ၇ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းတွင် မိုးကောင်းမြို့နယ်၊ ပင်းဘောကျေးရွာ၊ မီးလောင်ကုန်းတောင်ခြေရှိ ညိုဦး(ခ)ညိုတုတ်၏ တဲကိုရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၀၊ တူမီးသေနတ် ၃ လက်နှင့် မြန်မာငွေကျပ် ၂၂၀၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ည ၇နာရီက ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာအုပ်စု၊ တောကြီးကျေးရွာအနီး၊ ဘားအံ-ထုံးအိုင်ကားလမ်းတွင် စောညာသက်ဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၇၀ ကိုလည်းကောင်း၊ ထို့အတူ ဖေဖော်ဝါရီလ ၃ ရက် ညနေ ၅ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ပို့ဆောင်မည့် စက္ကူပုံးများအားစစ်ဆေးရာ အိုက်စ် ၃ ဒသမ ၉ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းရှိမိုတယ် အခန်းအမှတ် (၄၀၂)တွင် တည်းခိုနေထိုင်သည့် ထိုင်းနိုင်ငံသူ Ms BULAN PANTONG (၃၆)နှစ်အား ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


