နေပြည်တော် ၁၀ ဖေဖော်ဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအုပ်စု၊ ပင်ရဲလှကျေးရွာနေ မတင်တင်အေး၏ နေအိမ်ကို ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ဝ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၇,ဝ၀ဝ တို့ကိုလည်းကောင်း။
အလားတူ ယင်းနေ့ ညနေ ၄ နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ ယမုံနာလမ်း၊ အမှတ်(၁၂၈/က)နေ ဒေါ်ခင်မာလာ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ရန်ပိုင်အောင်(ခ)ရန်ပိုင်နှင့် မအိလျှံဖြိုး(ခ)အိလျှံ တို့အား တွေ့ရှိပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀ဝ ကိုလည်းကောင်း။
ထို့အတူ ယင်နေ့ နံနက် ၄ နာရီခွဲက မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာ အနီး၊ ယန်းလော ကျေးရွာ-ကတ်ထိုက်ကျေးရွာသွားလမ်းဆုံတွင် စိုင်းဆမ်ကျောက် မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ ကိုလည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာ အုပ်စု၊ ပူနားကို(ကျောက်တုံးအာခါ)ကျေးရွာနေ မဘူးနော်၏နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၈၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
(သတင်းစဉ်)


