နေပြည်တော်  ၆  ဖေဖော်ဝါရီ 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၂ ရက်မှ ၃ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးလျက်ရှိရာ ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်းအကွက်အမှတ်၊ (၇၄၊ ၉၂၊ ၉၄)အတွင်း ဝူလင်း(၂၂)ကောင်အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်း/ပျဉ်းကတိုး/အင်ကြင်းသစ်/ခွဲသား (၂၉ ဒသမ ၄၂၈၄) တန်၊ ခင်ဦးမြို့နယ်၊ ရုံးပင်ကျေးရွာတောင်ဘက် (၅)ဖာလုံခန့်အကွာတွင် တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေအောက် ကျွန်းသစ်/ ပျဉ်းကတိုးသစ် (၈ ဒသမ ၉၆၄၂)တန် ဖမ်းဆီးရမိခဲ့သည်။

 

‌ေ

 

အလားတူ ဝန်းသိုမြို့နယ်၊ ကပြင်းလွင်ကြိုးပြင်ကာကွယ်တောအတွင်း ဂျင်ဒေါင်အင်ဂျင်(၁)လုံးပါ သစ်စက် ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင်ကျွန်းသစ် (၈ ဒသမ ၉၈၄၀)တန်၊ ကန်ပက်လက်မြို့နယ်၊ (ချင်း)လက်မွန်ကျေးရွာအနီးတွင် တရားမဝင်အင်ကြင်းခွဲသား (၃ ဒသမ၇၃၇၄) တန်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး (အမြန်လမ်း)၊ မိုင်တိုင်အမှတ်(၂၃၂/ဝ)နှင့် (၂၃၂/၁) ကြားနေရာ၌ LIFAN Faw(၆)ဘီး (အနီရောင်)ယာဉ်ပေါ်မှ တရားမဝင်သစ်ပုတ်/ရုံး/သတီခွဲသား (၅ ဒသမ ၇၇၄၈) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ညီညီသန်း(နေပြည်တော်)