တောင်သာ ၇ မေ 

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌  မေ ၇ ရက်က တောင်သူဦးကြီးများအတွက် ၂၀၁၉ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်များကို ပုံစံ(၇)ဖြင့် စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

“မိုးရာသီစိုက်ပျိုးစရိတ်များကို ပုံစံ(၇)ရယူပြီး တောင်သူတစ်ဦးချင်းကို ထုတ်ချေးပေးတယ်။ တောင်သူတွေအနေနဲ့ တစ်ဦးချင်းထုတ်ချေးပေးတဲ့အတွက် ကိုယ်တိုင်အာမခံရတော့ ပိုပြီးခိုင်မာတာပေါ့။ ယခင်က သုံးယောက်အဖွဲ့မှာ နှစ်ယောက်က မဆပ်တော့ တစ်ယောက်ကျန်နေလို့ သုံးယောက်အဖွဲ့မှာ မရခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ ချေးငွေကောက်ခံတဲ့နေရာမှာ ဒီနှစ်ရာခိုင်နှုန်းကျဆင်းတာ ဒီအချက်တွေလည်းပါတယ်”ဟု  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဦးကျော်ဦးက ပြောပြသည်။

 

မိုးရာသီစိုက်ပျိုးစရိတ်များ စတင်ထုတ်ချေးပေးရာတွင် ကျေးရွာအုပ်စု(၂)အုပ်စုရှိ တောင်သူ ၁၁၄ ဦး၏ ၆၇၆ ဧကအတွက် ငွေကျပ် ၆၇၆၀ဝ၀ဝ၀ အား ထုတ်ချေးပေးခဲ့ပြီး တောင်သာမြို့နယ်အတွင်း  ကျေးရွာအုပ်စု ၆၄ အုပ်စု၊ တောင်သူ ၁၁၃၃၁ ဦး၊ ဧက ၇၆၂၈၆ အတွက် ငွေကျပ်သိန်း ၈၀၇၁၄၀ဝ၀ဝ၀ အား မေ ၆ ရက်မှ သြဂုတ် ၃၀ ရက်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မျိုးနိုင်(တောင်သာ)