ကျောက်ပန်းတောင်း ၃၁ မတ်
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇွန်လက ရွာသွန်းခဲ့သည့်မိုးကြောင့် နွေနှမ်း စိုက်ခင်းများ ပျက်စီးခဲ့မှုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇွန်လအတွင်း မိုးရွာသွန်းမှုကြောင့် မကျီးတိုင်း၊ ကိုင်း၊ မင်းခေါင်းမြောက်၊ မင်းခေါင်းတောင်၊ မကျီးကုန်း၊ သရက်တော၊ ညောင်တို၊ မုံကမ်း၊ သဲဗုမ္ဒနှင့် ဈေးကုန်း အစရှိသည့် ကျေးရွာအုပ်စု (၁၀)အုပ်စုတွင် နွေနှမ်း ၁၇၇၈ ဧက ပျက်စီးမှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပျက်စီးဆုံးရှုံးခဲ့သော နွေနှမ်းစိုက် တောင်သူများအား နိုင်ငံတော် သီးသန့်ရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၅၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၈၈၉ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ ဇွန်လက ရွာသွန်းခဲ့သောမိုးကြောင့် ကျောက်ပန်းတောင်းမြို့နယ် အပါအဝင် မြို့နယ် (၇)မြို့နယ်တွင် သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျက်စီးခဲ့သည့် မြို့နယ်များတွင် ကျောက်ပန်းတောင်းမြို့နယ်သည် ပျက်စီးမှု အများဆုံးဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


