မြို့သစ် ဩဂုတ် ၅

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ နွေသီးနှံရာသီတွင် စိုက်ပျိုးခဲ့သည့် စပါးစိုက်ဧက ၅၉၆၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မြို့သစ်မြို့နယ်၌ တောင်သူများနွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက နတ်မောက်ဆည်၊ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံတို့မှ ဆည်ရေများ လုံလောက်စွာဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ နွေစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် အထွက်နှုန်း ကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် မြို့သစ်မြို့နယ်၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် အောင်နိုင်တိုး၊ ရတနာတိုးနှင့် ဆာဖိုးသာစပါးမျိုးများ စိုက်ပျိုးကြကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)