မကွေး စက်တင်ဘာ ၂၅
မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို အောက်တိုဘာ ၁ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဘုရားပွဲတော် ကျင်းပနေစဉ်ကာလအတွင်း မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
မီးဘေးလုံခြုံရေးစစ်ဆေးရာတွင် မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြသလွန်ဘုရားဂေါပကအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်ကျောင်းများ၊ ထိစပ်နယ်မြေများဖြစ်သည့် သိင်္ဂါရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ နံကပ်ကျွန်းအုပ်စု (သာယာကုန်းရပ်၊ သရက်ပင်ရပ်၊ ကျွန်းစုရပ်) တို့ကို လျှပ်စစ်မီးနှင့် အခြားမီးများ သွယ်တန်းအသုံးပြုမှု စနစ်တကျရှိ/မရှိ စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ရေရရှိရေးစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ကောင်း၊ မကောင်း စစ်ဆေးခြင်း၊ နေအိမ်များသို့ လှည့်လှည်စစ်ဆေးခြင်း၊ Fire point ထားရှိရေးဆောင်ရွက်ခြင်းနှင့် နေအိမ်ဝင်း အတွင်း/အပြင် အမှိုက်များ ရှင်းလင်းစေခြင်း စသည်တို့ကို မီးဘေးလုံခြုံရေး စစ်ဆေးအကြံပြုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်းမင်း(ပြန်/ဆက်)


