မကွေး စက်တင်ဘာ ၂၄

 

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ဦးဆောင်မှုဖြင့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က မကွေးမြို့ ပုညဝတီကျောင်းတိုက်၌ ကျင်းပရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်စိုးဝင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရာက်ကြသည်။

 

လှူဒါန်းပွဲတွင် မကွေးမြို့ ပုညဝတီကျောင်းတိုက်ဦးစီးနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး အမှူးပြုသော သံဃာတော် ၂၂၅ ပါးနှင့် သီလရှင်ငါးပါးတို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)