မကွေးတက္ကသိုလ်တွင် eTekkatho အသုံးပြုနည်း မဟာဝိဇ္ဇာ/သိပ္ပံ ဒုတိယနှစ် ဘာသာရပ်အလိုက် အထူးပြု ကျောင်းသား ကျောင်းသူများအား ပြသ

မကွေး ၄ ဖေဖော်ဝါရီ    

 

မကွေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စာကြည့်တိုက်တွင် ဖွင့်လှစ်ပေးမည့် eTekkatho အသုံးပြုနည်း အစီအစဉ်အတွက် မဟာဝိဇ္ဇာ/သိပ္ပံ ဒုတိယနှစ် ဘာသာရပ်အလိုက် အထူးပြု ကျောင်းသား၊ကျောင်းသူများအား ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဘာသာရပ် ဆရာမများက ကြီးမှူး၍ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ အထူးပြု ဘာသာရပ် အချိန်ဇယား အတိုင်း ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

113

 

ဗဟုသုတနှင့်ပညာရှာ eTekkatho စာကြည့်တိုက်မှာ မန်ချက်စတာတက္ကသိုလ်  ဗြိတိန်နိုင်ငံမှ တည်ဆောက်ထားသော eTekkatho ဒစ်ဂျစ်တယ်စာကြည့်တိုက်တွင် အလယ်တန်း၊အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် ဘာသာရပ်ပေါင်း ၅၀ ကျော်မှ လေ့လာကိုးကားစရာ စာအုပ် စာတမ်းများ၊Video Tutorial များနှင့် ဆရာ၊ဆရာမများအတွက် ပညာရေးသီအိုရီနှင့် နည်းပညာများ ထည့်သွင်းထားကြောင်း သိရသည်။

 

33.

 

အထွေထွေဗဟုသုတ ရှာဖွေသူများအတွက် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထား သော ဝီကီပီးဒီးယား စွယ်စုံကျမ်း၊ သင်ရိုး ၃၀ဝ၀ နီးပါး ပါဝင်သော မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်(MIT)ထုတ်လုပ်ထားသော အင်ဂျင်နီယာ ဘာသာရပ်မှအစ စီမံခန့်ခွဲမှုပညာ၊ အမျိုးသမီး ရေးရာ၊စာပေနှင့် ဂီတ ဘာသာရပ်များ၊ အင်္ဂလိပ်စာလေ့လာလိုသူများအတွက် UNESCO နှင့်ဗြိတိသျှ ကောင်စီမှ ပြုစုထားသော သင်ခန်းစာများ၊ မန်ချက်စတာတက္ကသိုလ်မှ ပြုစုထားသော လက်တွေ့ဓာတ် ခွဲခန်း(Virtual Lab)ဖြင့် ကြည့်ရှု လေ့လာနိုင်သော ရူပ၊ဓါတုဗေဒ သင်ခန်းစာများနှင့် ရေအရင်းအမြစ် သင်ရိုးများ၊ အခြေခံသိပ္ပံ ဘာသာရပ်များကို မှတ်မိလွယ်ပြီး ပျော်ပျော်ပါးပါး လေ့လာနိုင်ဖို့ ဗြိတိန်နိုင်ငံ Fuse School မှ ရူပ၊ဓါတုဗေဒနှင့် ဇီဝဗေဒ video သင်ခန်းစာများ၊ သင်္ချာဘာသာအတွက် အခြေခံ မှစပြီး အဆင့်မြင့်အထိ လေ့လာနိုင်သလို ဓါတုဗေဒ၊ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် ရူပဗေဒဆိုင်ရာ လေ့လာနိုင်ဖို့ Khan Academy မှသင်ခန်းစာများ တို့ကို မြန်မာဘာသာဖြင့်လည်း ထည့်သွင်းထားရှိ ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)