မက္ကဆီကိုစီးတီး ၄ ဒီဇင်ဘာ 

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က မက္ကဆီကို မြောက်ပိုင်းနယ်စပ် Coahuila ပြည်နယ်ရှိ မြို့တော်ခန်းမ တစ်ခုကို တိုက်ခိုက်မှု လုပ်ဆောင် ခဲ့သည့် မူးယစ်ဂိုဏ်းတစ်ခုမှအဖွဲ့သားကိုမက္ကဆီကိုလုံခြုံရေးတပ်ဖွဲ့က ဒီဇင်ဘာ ၁ ရက်တွင် နှိမ်နင်းခဲ့ရာ မူးယစ်ဂိုဏ်းအဖွဲ့သားခုနစ်ဦး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်စနေနေ့က ဖြစ်ပွားခဲ့ သည့် villa Union မြို့တော်ခန်းမ တိုက်ခိုက်မှုတွင် မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၁၀ဦးနှင့် ရဲအရရှိလေးဦးသေဆုံးခဲ့ရာ ယခုတစ်ကြိမ် ရဲတပ်ဖွဲ့က ထပ်မံ နှိမ်နင်းပြီးနောက် သေဆုံးသူ အရေတွက် ၂၁ ဦးအထိ ရှိလာခဲ့သည်။ Mila Union သည် အမေရိကန် နယ်စပ်မှ ၆၅ ကီလိုမီတာခန့်အကွာ တွင် တည်ရှိပြီး ဒေသခံပြည်သူ အနည်းအကျဉ်းနေထိုင်သည့် မြို့ငယ်တစ်ခုဖြစ်သည်။

မူးယစ်ဂိုဏ်းအား နှိမ်နင်းသည့် စစ်ဆင်ရေးအတွင်း ရဲတပ်ဖွဲ့က ခြောက်လုံးပြူးသေနတ်များ မော်တော် ယာဉ်များနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆင်ဟွာ