၁၁ ဖေဖော်ဝါရီ
မလေးရှားနိုင်ငံ၏လူဦးရေမှာ ၂၀၁၉ ခုနှစ် စတုတ္ထသုံးလပတ်တွင် ၃၂ ဒသမ ၆၈ သန်းရှိရာ ယခင်နှစ် အလားတူကာလထက် သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရားဝင်အချက်အလက်များ ယနေ့ ဖော်ပြခဲ့သည်။
မလေးရှား စာရင်းအင်းဌာနက ထုတ်ပြန်ချက်တစ်ခုတွင် မလေးရှားနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းမှာ နိုင်ငံသားများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကလေး မွေးဖွားမှုနှုန်းသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
သေဆုံးမှုနှုန်းမှာလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက သုည ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


