စက်တင်ဘာ ၁၄

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၄၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၀၈၈၉၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အဆိုပါရောဂါကူးစက်မှုတွင် ပြည်တွင်းကူးစက်မှု ၁၉၃၃ ဦးနှင့် ပြည်ပကူးစက်မှု ကိုးဦးတို့ဖြစ်သည်ဟု သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ခြောက်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၃၆၂၉၁ ဦး ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၂၅၆၉၃ ဦးရှိသည့်အနက် ၆၂ ဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေပြီး ၃၉ ဦးသည် အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်လျက်ရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးသူ ၈၄ ဒသမ ၂ ရာခိုင်နှုန်း၊ ကာကွယ်ဆေးအပိုဆောင်းတစ်ကြိမ် ထိုးနှံပြီးသူ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနှင့် ကာကွယ်ဆေးအပိုဆောင်းနှစ်ကြိမ် ထိုးနှံပြီးသူ ၁ ဒသမ ၅ ရာခိုင်နှုန်းတို့ဖြစ်ကြသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို