မလေးရှားနိုင်ငံ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် လူပေါင်း ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

နိုဝင်ဘာ ၂၁

မလေးရှားနိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းဒေသ တီရန်ဂါနူပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်မှုများ ဆက်တိုက်ဖြစ်ပွား ခဲ့ပြီးနောက် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ယနေ့ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန်အထိ လူပေါင်း ၂၂၉၄ ဦး ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။

နိုင်ငံ၏လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာန၏ပြောကြားချက်အရ ကယ်ဆယ်ရေးစင်တာ ၁၉ ခုတွင် ရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ထားသည်ဟု သိရသည်။

ထို့အပြင် ပီရတ်ပြည်နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ရေဘေးသင့်သူ ၃၉ ဦး ရှိကြောင်းဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏အရှေ့ကမ်းရိုးတန်းနှင့် မြောက်ပိုင်းပြည်နယ်များတွင် အရှေ့မြောက်မုတ်သုံလေသည် အောက်တိုဘာမှ မတ်လအထိ ပုံမှန်အားဖြင့် လေပြင်းများတိုက်ခြင်းနှင့် ပင်လယ်ပြင်လှိုင်းထန်ခြင်းတို့ဖြစ်ပွားနိုင်သောကြောင့် မိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုဆိုင်ရာသတိပေးချက်များ ထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို