မလှိုင် ၁၄  စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မြို့မဘောလုံးကွင်းအတွင်း မိုးလုံလေလုံအားကစားရုံကြီး တစ်ထပ်အဆောက်အဦ တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မလှိုင်မြို့နယ် အားကစားနဲ့ ကာယပညာဦးစီးဌာနမှ သိရသည်။


အဆိုပါမိုးလုံလေလုံ အားကစားရုံကြီးအား မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ငွေကျပ်သိန်း ၃၆၀ဝ ဖြင့် ၂၀၁၉ မေ ၃၀ မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိချိန်တွင် မိုးလုံလေလုံအားကစားရုံကြီး တည်ဆောက်နေမှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သည်။ မိုးလုံ လေလုံအားကစားရုံကြီးအား အလျား ပေ၁၅၀/ အနံ ပေ ၉၀/ အမြင့် ၃၆ ပေ တည်ဆောက်နေပြီး ယခု စက်တင်ဘာ ၃၀ရက်နေ့တွင် ပြီးစီးမည်ဖြစ်ကြောင်း မလှိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်စိုးဝင်းထံမှ သိရသည်။


အဆိုပါ မိုးလုံလေလုံအားကစားရုံကြီး တည်ဆောက်ပြီးစီးပါက မိုးလုံလေလုံ အားကစားရုံ အဆောက်အဦအတွင်း ဘောလီဘောအားကစား / ကြက်တောင်အားကစား နှင့် ပိုက်ကျော်ခြင်အားကစားများ လေ့ကျင့်/ ယှဉ်ပြိုင် /ကစားနိုင်တော့မည်ဖြစ်ကြောင်း မလှိုင်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


ဘိုဘို(မလှိုင်)

 

IMG_2