မလှိုင် ၇  မေ

 

မလှိုင်မြို့နယ်တွင် ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ပြီး မြန်မာလယ်ယာ ဖွံ့ဖြိုးရေးဘဏ် (မလှိုင်ဘဏ်ခွဲ ) မှ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ်ထက် တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ်ပြီး  စပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀ဝ၀ဝ) နှုန်း၊  နှမ်းနှင့် မြေပဲ တစ်ဧကလျှင် ငွေကျပ် (၁၀ဝ၀ဝ၀) နှုန်း ထုတ်ချေး ပေးသွားမည် ဖြစ်သည်။ 

 

ထိုသို့ ချေးငွေထုတ်ချေးရာတွင် ထန်းတောကျေးရွာအုပ်စုမှ တောင်သူ  ၄၆ ဦး၏ နှမ်း ၁၇၀ ဧကနှင့် မြေပဲ ၁၂၅ ဧက စုစုပေါင်း ၂၉၅ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၂၉၅၀ဝ၀ဝ၀ သိန်းကို စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မလှိုင်မြို့နယ်တွင်၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိ်တ်ချေးငွေများကို ကျေးရွာအုပ်စု (၅၃) အုပ်စုမှ တောင်သူ (၁၃၃၀ဝ)ဦးတို့၏  စပါး ၉၀ဝ၀ ဧက ၊ နှမ်း ၄၄၁၈၇ ဧကနှင့် မြေပဲ ၃၄၉၁၃ ဧက စုစုပေါင်း ၈၈၁၀ဝ ဧကအတွက် ငွေကျပ် သန်းပေါင်း ၉၂၆၀ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဌေး (မလှိုင်)

 

1