မလှိုင် ၁၀ မတ်
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် ကျပ်ဆည်အုပ်စု ဆပ်ခင်းကြီးရွာတွင် မတ် ၁၀ရက် မွန်းလွှဲ ၁၂ နာရီ ၅၅မိနစ်ခန့်က နေလှမ်းထားသော ဝါဂွမ်းများ အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မလှိုင်မြို့နယ်မီးသတ်ဦးစီးဌာန သိရသည်။
ဆပ်ခင်းကြီးကျေးရွာ ကျပ်ဆည်အုပ်စု မလှိုင်မြို့နယ်နေ ဦးကျော်သန်းတင့် (၄၂)နှစ်၏ နေအိမ်ရှေ့ တွင် လှမ်းထားသော ဝါဂွမ်းမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကြောင့် ဂွမ်းကပ်ရက်လုပ်သော အဆောက်အဦ အလျား ပေ (၃၀)၊ အနံ ပေ (၂၀)၊ အမြင့် (၁၅)ပေ သွပ်မိုး အုတ်ကာ မြေစိုက် (၁)ထပ်၊ ဝါပိဿာချိန် (၃၀၀)ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ရဲမှတ်တမ်းသိရသည်။
ဘိုဘို(မလှိုင်)


