မလှိုင် ၁၃ ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ၁၃၈၀ ပြည့်နှစ် မဟာသင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ် ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

 

မလှိုင်မြို့ မဟာသင်္ကြန်ဖွင့်ပွဲ၌ သင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးငွေဒိုးမှ ကျေးဇူးတင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာ အကြီးအကဲများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

 

မလှိုင်မြို့ မဟာသင်္ကြန်အတွက် ဗဟိုမဏ္ဍပ်၌ မလှိုင်ထားထားမြင့် အမျိုးသမီးမြန်မာဆိုင်းဝိုင်းနှင့် ခေတ်ပေါ်တီးဝိုင်းတို့ဖြင့် စည်ကားစွာကျင်းပ၍ ယိမ်းအဖွဲ့(၇)ဖွဲ့က ကပြဖြေဖျော်ကာ စတုဒိသာများဧည့်ခံကာ ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

 

ဧပြီ ၁၇ ရက်တွင် တစ်မြို့လုံးရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ကြီးဘိုးဘွားပူဇော်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

 

ဘိုဘို(မလှိုင်)

 

ေေ