မင်းဘူး     ၃၁   မတ်   

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ မြို့သာယာလှပရေးအတွက် ရေနုတ်မြောင်းများ ရှင်းလင်းခြင်းနှင့် လမ်းပျက်စီး နေမှုများကို ပြုပြင်ဆောင်ရွက်နေကြောင်း မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

 

1

 

“ ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၅ သိန်းဖြင့် မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ယိုယွင်းပျက်စီးနေသည့် ကတ္တရာလမ်းအား ပြုပြင်ဖာထေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေပါတယ်” မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင် က ပြောသည်။

ထို့အပြင် ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၂၀ ဖြင့် မင်းဘူးမြို့ ဦးဩဘာသလမ်းနှင့် ပြည်တော်သာလမ်းရှိ ရေနုတ်မြောင်း အရှည်ပေ ၂၄၀ဝ အား ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်း ရှင်းလင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း၊ ဒီလုပ်ငန်းတွေကိုတော့ မတ် ၂၅ ရက်က စတင်ကာ ယနေ့အထိ ဆောင်ရွက်နေတာဖြစ်ပြီး သတ်မှတ် ကာလအတွင်း လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)