မင်းဘူး ၂၈ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့(စကု)မြို့နယ် မန်းကျိုးကျေးရွာအုပ်စု၊ မန်းကျိုး ကျေးရွာတွင် ယနေ့ နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့နယ်မီးသတ် ဦးစီးမှူးရုံးမှ သိရှိရသည်။
ဖြစ်စဉ်မှာ မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာနေ ဦးကံဝင်း၊ အသက် ၆၃ နှစ်၊ တောင်သူသည် ၎င်း၏နွားစာတင်းကုတ်အနီးရှိ ထန်းလက်အခြောက်များကို မီးရှို့ထားရာမှ နွားစာတင်းကုတ်အား မီးကူးစက်လောင်ကျွမ်းမှုကြောင့် (၁၅ x ၁၅) ပေ၊ သွပ်မိုး၊ ထရံကာ၊ နွားစာတင်းကုတ် တစ်လုံးမီးလောင်းကျွမ်းခဲ့ကြောင်း သိရှိရသဖြင့် မင်းဘူးမြို့နယ်မီးသတ် ဦးစီးမှူး ဦးစိန်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မန်းရေနံမြေ နယ်မြေမီးသတ်စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးကျော်မျိုးဇင်နှင့် တပ်ဖွဲ့ဝင်များမှ သန္ဓေတပ်ဖွဲ့ဝင် ၃ ဦး၊ အရန်မီးသတ်တပ် ဖွဲ့ဝင် ၅ဦး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ ခွဲအချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုတွင် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုသူ ဦးကံဝင်းအား စကုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူးထားကြောင်း သိရှိရသည်။
မောင်မောင်(မင်းဘူး)


