မင်းဘူး ၁ ဇန်နဝါရီ        

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက် စည်ပင်သာယာဈေးလမ်းတွင် ဇန်နဝါရီ ၁ ရက်၊ နံနက် (ဝ၀:၁၅)နာရီအချိန်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး အထည်ပစ္စည်းအရောင်းဆိုင်နှင့် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁ ရက်၊ နံနက် (ဝ၀:၁၅)နာရီအချိန်က မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက် စည်ပင်သာယာဈေးလမ်းရှိ ကိုမိုး - မခိုင် အထည်ဆိုင်နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရပြီး မီးလောင်ရာသို့ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်နှင့် မင်းဘူးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းတို့ ဦးဆောင်သော သန္ဓေ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ်(၁၅)စီး  ဖြင့် သွားရောက်ကာ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီဝင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူ ၂၀ဝ ဦးခန့်နှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီခွဲ မီးညွန့်ကျိုးခဲ့ပြီး နံနက် ၅ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်နေ ကိုမိုး(ခ) ကိုအောင်မိုး ပိုင်ဆိုင်သည့် ပေ( ၄၀ × ၃၀ ) အာရ်စီ နှစ်ထပ်တိုက်နှင့် ဈေးဆိုင်အတွင်းရှိ လူသုံးကုန်အဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ  ၊ ဘေးချင်းကပ်လျက်ရှိ ( ၄၀ × ၆၀ ) ပေ အာရ်စီတစ်ထပ်တိုက်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် ( ညောင်ဦး )