မင်းဘူး ၁၄ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် အကျနေ့၌ ရေကစားမဏ္ဍပ်များတွင် အေးချမ်းသာယာစွာ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်္ကြန်ချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ ဖွင့်လှစ်ထားရှိသည့် မင်းဘူးမြို့ အတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယနေ့ ဧပြီ ၁၄ ရက်၊ သင်္ကြန်အကျနေ့တွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြသူများနှင့် မဏ္ဍပ်တိုင်းတွင် စေတနာရှင်ပြည်သူများက စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသည်။
၁၃၈၀ ခုနှစ်၊ မင်းဘူးခရိုင် အတာသင်္ကြန်ဗဟိုမဏ္ဍပ်နှင့် မြို့တွင်းမဏ္ဍပ်များတွင် ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မျိုးမြတ်(မင်းဘူး)


