အူလန်ဘာတာ  ဇန်နဝါရီ  ၈

မွန်ဂိုလီးယားနိုင်ငံ၌   လွန်ခဲ့သည့် ၂၄   နာရီအတွင်း ဒေသတွင်း ဝက်သက်ရောဂါဖြစ်ပွားသူသစ် ရှစ်ဦးရှိရာ အဆိုပါရောဂါဖြစ်ပွားသူအရေအတွက် စုစုပေါင်းမှာ  ၁၃၈၆၁ ဦးအထိ  မြင့်တက်လာကြောင်း နိုင်ငံ၏အမျိုးသား ကူးစက်ပျံ့နှံ့တတ်သော   ရောဂါများဆိုင်ရာ  စင်တာ(အင်န်စီစီဒီ)က ဇန်နဝါရီ ၈ ရက်တွင် ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၌ ရောဂါဖြစ်ပွားသူသစ်များ၏ ထက်ဝက်ကျော်မှာ ဝက်သက်ရောဂါကာကွယ်ဆေးတစ်ကြိမ်သာထိုးနှံထားသည့် ကျောင်းနေအရွယ်ကလေးများဖြစ်ကြောင်း  အင်န် စီစီဒီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

၎င်းတို့၏ ကလေးများကို ဝက်သက်ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်းဖြင့် ဖြစ်နိုင်ခြေရှိသည့်  ပြင်းထန်ရောဂါမှ  ကာကွယ်ရန် အင်န်စီစီဒီက မိဘများအား အကြံပြုထား သည်။

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် ရောဂါရှိသူနှင့် တိုက်ရိုက်ထိတွေ့မှုမှတစ်ဆင့် အလွန်ကူးစက်ပျံ့နှံ့တတ်သော‌ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါသည် ဖျားနာခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့် မျက်စိရောင်ခြင်းတို့ ဖြစ်ပွားလေ့ရှိကြောင်း၊ အဆိုပါ ရောဂါကိုကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။               

ဆင်ဟွာ