၂၉ ဇန်နဝါရီ

 

မွန်ဂိုလီးယားနိုင်ငံ အရှေ့ပိုင်း ခန်တီ ပြည်နယ်တွင် ပြီးခဲ့သည့် တနင်္လာနေ့က သေဆုံးခဲ့သော ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ A/H3N2 တုပ်ကွေး ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း ဖြစ်သည်ဟု ထိုနိုင်ငံ၏အမျိုးသား ကူးစက်ရောဂါဆိုင်ရာ စင်တာ(NCCD) က ယနေ့ ပြောကြားခဲ့သည်။

 

ဇန်နဝါရီလ ယခုချိန်ထိ H3N2 ရောဂါကူးစက်မှုရှိကြောင်း သံသယရှိသူ ၅၀ ကျော်ကို ဓာတ်ခွဲစမ်းသပ်ခဲ့ပြီးနောက် ၎င်းတို့အနက် ထက်ဝက်ခန့်မှာ ထိုဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသည်ဟု  NCCD က  အတည်ပြုကာ NCCD စောင့်ကြည့်ရေးဌာန အကြီးအကဲ အမ်ဂျာဂယ် အမ်ဘာဆမ်မာ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

 

အဆိုပါ H3N2 ဗိုင်းရပ်စ် သည် တုပ်ကွေးရောဂါ မျိုးကွဲ A ဗိုင်းရပ်စ် အမျိုးအစားဖြစ်သည်။ H3N2 ကူးစက် ရောဂါ လက္ခဏာများတွင် ခန္ဓာကိုယ်နာကျင်ခြင်း၊ ပျို့အန်ချင်ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း တို့ကဲ့သို့သော  ဖျားနာခြင်းနှင့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါလက္ခဏာများ ပါဝင်သည်။

 

ထိုရောဂါကို ရှာဖွေဖော်ထုတ်ခြင်းနှင့် အချိန်မီကုသခြင်း မပြုလုပ်ပါက ယင်းရောဂါပိုမိုပြင်းထန်လာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို