မြင်းခြံ ဇူလိုင် ၁၈

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာစာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာနေလင်းက အာဇာနည်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရခြင်းနှင့် အမှတ်ပေးစည်းကမ်း များကို ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများတွင် ဆုရရှိသူများအား မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အေးအေးဟန်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမြင့်မြင့်ခိုင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ဝင်းဦးတို့က ပေးအပ်ရာ ဆုရရှိသူ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

 

(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ ကဗျာပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ကိုးဦး၊ ဆောင်းပါးပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ သုံးဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စွာ(မြင်းခြံ)