အထက်မင်းလှ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမကျေးရွာတွင် C-ONE စက်သုံးဆီအရောင်းဆိုင်၌ မီးဘေးလုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် လက်ထောက် မီးသတ်ဦးစီးမှူး ရန်လင်းနှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီ အရောင်းဆိုင်ရှိ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းများအား ကနဦးမီးငြှိမ်းသတ်ခြင်း နည်းလမ်းများကို လက်တွေ့ ဇာတ်တိုက်လေ့ကျင့်၍ မီးသတ်ဦးစီးဌာန၏ မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးထောက်ခံချက်(FSC)နှင့်အညီ လိုက်နာဆောင်ရွက်ထားရှိမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုခန့်


