အထက်မင်းလှ အောက်တိုဘာ ၂
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ အနေဖြင့် ရည်မှန်းချက်တာဝန် (၄)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ ဒေသအတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေး စုဖွဲ့ထားရှိမှုနှင့် လေ့ကျင့်မှုများကို ယနေ့နံနက် ၇ နာရီက မီးသတ်ဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ကိုကို ဦးဆောင်သော တပ်ဖွဲ့ဝင်များက မင်းလှမြို့နယ် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေး ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းကိရိယာများဖြင့် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)


