နေပြည်တော် ၅ ဧပြီ
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ သစ်တူးအိုင်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင် (၁၀၃/၃-၄) ကြား၌ ဧပြီ ၄ ရက် ည ၆ နာရီ မိနစ် ၄၀ ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ ပြည်ဘက်သို့ လှိုင်သာယာမြို့နယ်၊ (၂၃)ရပ်ကွက်နေ အောင်ကိုထွဋ် (၃၄)နှစ် မောင်းနှင်ပြီး အုတ်ဖိုမြို့နယ်၊ ချောင်းစောက်ကျေးရွာနေ မခိုင်သင်းဦး (၃၁)နှစ်ပါ ၁၀ ဦးတို့ လိုက်ပါလာသော 9F/xxxx Suzuki ယာဉ်သည် လားရာတူရှေ့မှ မော်တော်ယာဉ်အား ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ မြောင်းအတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ကာ မခိုင်သင်းဦးတွင် ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ကြောင်း၊ တစ်ရွာတည်းနေ မတင်မာချို (၁၉)နှစ်ပါ ၅ ဦးတို့တွင် ဒဏ်ရာများရရှိပြီး အောင်ကိုထွဋ်ပါ ၆ ဦးတို့တွင် ဒဏ်ရာများရရှိသောကြောင့် အောင်ကိုထွဋ်အား မင်းလှမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


